စာရေးသူ

အားလုံးမြင်နိုင်ရန်
Keila Ochoa

ကီလာ အိုခၽြာ

ကီလာအိုချွာ သည် ခင်ပွန်း၊ ကလေးနှစ်ဦးတို့နှင့် အတူ မက်စီကိုနိုင်ငံတွင် နေထိုင်ပါသည်။ ဆရာမ Keila သည် Media Associates International မှ ကမ္ဘာတစ်ဝှမ်း၌ ဦးဆောင် ကျင်းပသည့် သင်တန်းပို့ချခြင်း သာသနာလုပ်ငန်းတွင် ကူညီ အစေခံလျက်ရှိပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ကီလာ အိုခၽြာ

တစ်သက်တာ သိုးထိန်း

ကျွန်မ၏သားလေး အတန်းတက်သွားသောအခါ `သားဆရာမကို သားတစ်သက်လုံး လိုချင်တယ်´ ဟု အော်ငိုပါသည်။ ဆရာအပြောင်းအလဲသည် ဘ၀၏အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်အောင် ရှင်းပြရသည်။ တစ်သက်တာ တည်မြဲသော ပေါင်းသင်းဆက်ဆံရေးများ ရှိပါသလားဟု ကျွန်မတို့ တွေးကောင်း တွေးမိမည်။
တစ်သက်တာ  တည်မြဲသော ဆက်ဆံရေး တစ်ခုကို ဘိုးဘေးကြီး ယာကုပ်က တွေ့ရှိခဲ့သည်။ ယာကုပ်သည် မယုံနိုင်စရာ အပြောင်းအလဲများစွာနှင့် ဘ၀ရှင်သန်ခဲ့ရပြီး သူချစ်ရသူများကိုလည်း ဆုံးရှုံးခဲ့ရပြီးနောက် သူ့ဘ၀၌ မပြတ် အစဉ်အမြဲတည်ရှိသော အရာတစ်ခုကို သူသိရှိခဲ့သည် “...ဘုရားသခင်၊ ငါ့ကို တစ်သက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်သည် … ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော” ဟု သူဆုတောင်းခဲ့သည် (ကမ္ဘာ ၄၈း၁၅-၁၆)။
ယာကုပ်သည် သိုးထိန်းဖြစ်ခဲ့ဖူးပေရာ သူနှင့်ဘုရားသခင်၏ဆက်ဆံရေးကို သိုးထိန်းနှင့်သိုး၏ဆက်ဆံရေးဖြင့် နှိုင်းယှဉ်ခဲ့သည်။ သိုးအကောင်ပေါက်လာသည်မှ တစ်ဖြည်းဖြည်းကြီးပြင်းကာ အသက်ကြီးသွားချိန်အထိ သိုးထိန်းက…

ကောင်းမြတ်သောအမွေဆက်ခံခြင်း

ဘိုးဘိုး ဟဲရစ် နှင့် ဘွားဘွား (ကျွန်ုပ်၏အဘိုးနှင့်အဘွား)တို့တွင် ပိုက်ဆံများများစားစား မရှိသော်ငြားလည်း မြေးများအတွက် အမှတ်ရစရာ ခရစ်စမတ်ဖြစ်အောင် နှစ်စဉ် ပြုလုပ် ပေးပါသည်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်ပွဲက အစားအသောက်များ၊ ပျော်ရွှင်ဖွယ်ရာများ၊ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။ ထိုငယ်စဉ်ကလေးဘ၀မှာပင် ဤပျော်ပွဲရွှင်ပွဲကို ဖြစ်စေသူသည် ခရစ်တော်ဟု နားလည်ခဲ့ရသည်။
ကျွန်ုပ်တို့၏သားသမီးများထံသို့လည်း ယင်းဓလေ့ အမွေအနှစ်ကို လက်ဆင့်ကမ်း ပေးချင်ပါသည်။ ယမန်နှစ် ဒီဇင်ဘာက ခရစ်စမတ်ပွဲတော်ဆင်နွှဲရန် မိသားစုများ အတူတကွစုဝေးကြစဉ် ဤသို့ဝမ်းမြောက်ပျော်ရွှင်ဖွယ်
အလေ့အထလေးကို အဘိုးနှင့်အဘွားက အစပြုပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ်ရမိသည်။ အဘိုးနှင့်အဘွားသည် ငွေကြေးဥစ္စာအမွေများ မထားခဲ့သော်လည်း သူတို့သားသမီး များ၏ကလေးများဖြစ်သည့် မြေးများ သူတို့ကို စံထား အတုယူ ကြပါစေဟု ချစ်ခြင်း၊ လေးစားခြင်းနှင့် ယုံကြည်ခြင်း မျိုးစေ့များကို ဂရုတစိုက် စိုက်ပျိုးပေးခဲ့သည်။
သမ္မာကျမ်းစာတွင်လည်း အဘွားလောဣနှင့် အမိဥနိတ်တို့သည် တိမောသေအား…

ပီညာတာ(Piñata) ထက်ပိုကောင်းတယ်

သကြားလုံးများနှင့် စားစရာမုန့်ထုပ်လေးများ ထည့်သွင်းထားသည့် ပီညာတာ
(Piñata) ဘူး (သို့်) မြေအိုး မပါဝင်ပါက မက္ကစီကို ပါတီပွဲမမည်။ သကြားလုံးနှင့် မုန့်များကို ပျော်ရွှင်စွာ စားသောက်ရန် ကလေးများက  ထိုဘူး/အိုးကို တုတ်ဖြင့် ရိုက်ခွဲယူရသည်။
၁၆ ရာစု ခုနှစ်အတွင်းက ဘုန်းတော်ကြီးများသည် ပီညာတာကို အသုံးပြု၍ မက္ကစီကို နိုင်ငံသားများအား သင်ခန်းစာများ သင်ကြားပေးခဲ့သည်။ ပီညာတာသည် အတက် ၇ ခုပါသော ကြယ်ရုပ်များ ဖြစ်ပြီး ထိုအတက်များသည် အလွန်မှပင် ကြောက်မက်ဖွယ်ကောင်းသော အပြစ် ၇ မျိုးကို ကိုယ်စားပြုသည်။ ပီညာတာကို တုတ်ချောင်းဖြင့် ရိုက်ခွဲခြင်း သည် မကောင်းဆိုးဝါးလက်မှ လွတ်မြောက်ရန် ရုန်းကန်ခြင်းဟု အဓိပ္ပာယ်ဆောင်ယူ၍ အထဲမှမုန့်များ ကျလာသည်နှင့် တစ်ပြိုင်နက် လူအများက ကောက်ယူပြီး အိမ်သို့ ယူဆောင်သွားကာ ယုံကြည်ခြင်း အမှတ်သညာ အဖြစ်…

အကောင်း၊ အဆိုးနှင့် အကျည်းတန်သော

“ငါတို့အချင်းချင်း အကောင်း အဆိုးနဲ့ အကျည်းတန်တဲ့ကိစ္စတွေကို ပြောလို့ရတဲ့ အတွက် သိပ်ပျော်တာပဲ” ဟု ကျွန်မ၏အရင်းနှီးဆုံး မိတ်ဆွေထံမှ SMS မက်ဆေ့ခ်ျ ရရှိခဲ့သည်။ ကျွန်မတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့သလို အချင်းချင်း၏ အပျော်များ၊ အရှုံးများ ကိုလည်း ဝေမျှဖလှယ်ခဲ့ကြသည်။ ကျွန်မတို့သည် ပြီးပြည့်စုံသူများ မဟုတ်ခြင်းကြောင့် ရုန်းကန်စရာများကို ဝေငှသလို တစ်ယောက်၏ အောင်မြင်မှု ကိုလည်း အတူမျှဝေခံစားဝမ်းမြောက်ကြပါသည်။
ဒါဝိဒ်နှင့် ယောနသန်တို့၏ ထိုကဲ့သို့ခိုင်မာသည့် သူငယ်ချင်းသံယောဇဉ်သည် ဒါဝိဒ် ဂေါလျတ်ကို အောင်နိုင် ခဲ့သည့် နေ့ရက်များမှ စတင်ခဲ့သည် (၁ ရာ ၁၈း၁-၄)။ ယောနသန်၏အဘခမည်းတော် ရှောလုမင်း၏မနာလို ဝန်တိုမှုဒဏ် ခံစားရသည့် ဆိုးရွားသောနေရက်များ တွင်လည်း အားငယ်ကြောက်ရွံ့မှုများကို ဝေမျှခဲ့ကြသည် (၁၈း၆-၁၁၊ ၂၀း၁-၂)။ နောက်ဆုံး ဒါဝိဒ်ကို သတ်ဖြတ်မည့် ရှောလု၏ အကြံအစည် ကြားတွင်လည်း၊ အတူတကွ…

ဘုရားသခင်၏အသံ နားထောင်ခြင်း

သားငယ်လေး၏ အမည်ကို အသံကျယ်ကျယ်၊ အသံမာမာနှင့် အော်ခေါ်ရင်း နောက်ဆက်တွဲ မေးခွန်း “မင်း ဘယ်မှာလဲ” ဟူသောအသံမှလွဲ၍ ကျန်အချိန်များ၌ ကျွန်မ၏အသံကို သားငယ်က နားထောင်ချင်ပါသည်။ သားငယ်လေးက မကောင်းသည့် အရာကိုလုပ်ပြီး ကျွန်မ မသိအောင် လျှို့ဝှက်ထားခြင်းကြောင့် ကျွန်မက ဤသို့ မကြာခဏ အော်ခေါ်ရခြင်းဖြစ်သည်။ သားငယ်လေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကောင်းစားပြီး ထိခိုက်ဒဏ်ရာ မရစေလိုသောကြောင့် ကျွန်မခေါ်သံကို သားငယ်လေးအား ကြားစေလိုသည်။ နားထောင်စေလိုသည်။
ဥယျာဉ်တော်ထဲ၌ ဘုရားသခင်၏အသံတော်ကို အာဒံနှင့်ဧဝတို့ ကြားနေကျဖြစ်မည်။ သို့သော် တားမြစ်ထား သော အသီးကိုစားပြီး ဘုရားသခင်အား နာခံမှုမရှိတော့ သည့် အချိန်တွင် “သင်သည် အဘယ်မှာ ရှိသနည်း” ဟူသော ဘုရားသခင်၏ ခေါ်သံကို ကြားသော်လည်း (က ၃း၉) ဘုရားသခင့်အထံတော်မှ သူတို့ပုန်းရှောင်နေကြသည်။ ဘုရားသခင် တားမြစ်ထားသည့်အရာကို ကျူးလွန်လုပ်မိပြီဟု သူတို့…

ဂူသင်္ချိုင်း အမှတ် ၇ မှ ရတနာ

၁၉၃၂ ခုနှစ်တွင် မက္ကဆီကန် ရှေးဟောင်းသုတေသနပညာရှင် Alfonso Caso သည် Oaxaca မြို့တော်ရှိ Monte Albán ရှေးဟောင်းသုတေသနနယ်မြေတွင် ဂူသင်္ချိုင်းအမှတ် ၇ (Tomb 7) ကို တွေ့ရှိခဲ့သည်။သမိုင်းမတင်မီခေတ်က စပိန်ပြည်၏လူ့အသုံးအဆောင် ၄၀၀ ကျော်နှင့် လက်ဝတ်ရတနာ ၁၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ပြီး ၎င်းတို့ကို `Monte Albán၏ရတနာ´ဟု အမည်ပေးခဲ့သည်။ ၎င်းသည် မက္ကဆီကို ရှေးဟောင်းသုတေသနပညာဆိုင်ရာအတွက် အရေးပါသော တွေ့ရှိမှုဖြစ်သည်။ ကျောက်စိမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော ခွက်ကို ကိုင်ထားသည့် Caso ဓာတ်ပုံမှ သူ၏စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို မြင်ယောင်တွေ့နိုင်သည်။
ရာစုနှစ်အစောပိုင်းက ရွှေငွေ၊ ရတနာတို့ထက် ပို၍ တန်ဖိုးရှိသော ရတနာအကြောင်းကို ဆာလံဆရာက စပ်ဆိုထားသည်။ သူက ‘‘လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏’’ ဟူ၍ ဆာ ၁၁၉း ၁၆၂…

ပေါင်မုန့်

ကျွန်မနေထိုင်သော မက္ကဆီကိုမြို့ငယ်လေး၌ နံနက်တိုင်း "ပေါင်မုန့််" ဟူသော ကြည်လင်ပြတ်သားသည့်အသံကို ကြားရသည်။ ဧရာမတောင်းကြီးထဲတွင် ပေါင်မုန့်အချို အငန် စသည်ဖြင့် ပေါင်မုန့်အမျိုးမျိုးကို စက်ဘီးပေါ်တင်ပြီး လည်ရောင်းနေခြင်းဖြစ်သည်။ ယခင်မြို့ကြီးပြကြီး၌ နေထိုင်ခဲ့စဉ်က ပေါင်မုန့်ဝယ်ရန် မုန့်တိုက်ကိုသွားရသည်။ ယခုတွင် အိမ်တံခါးဝအရောက် လတ်ဆတ်သောပေါင်မုန့်ကို ရရှိနိုင်၍ ကြည်နူး ၀မ်းမြောက်မိသည်။
ရုပ်ပိုင်းဆာလောင်မှုကို ဖြည့်ဆည်းပေးရန် ဟူသော အတွေးမှ ၀ိညာဉ်ဆာငတ်မှုကို ဖြည့်ဆည်းရန် ဟူသော အတွေးသို့ ပြောင်းလိုက်ရင်း "ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်" ဆိုသည့် ရှင်ယေရှု၏နှုတ်တော်ထွက်စကားကို ဆင်ခြင်မိသည် (ယော ၆း၅၁)။
ဧ၀ံဂေလိတရားဆိုသည်မှာ အမှန်စင်စစ် သူတောင်းစားတစ်ဦးက ဘယ်မှာ ပေါင်မုန့်ရနိုင်သည်ကို အခြားသူတောင်းစားတစ်ဦးကို ပြောပြခြင်းဖြစ်သည်ဟု ဆိုကြ သည်။ ပြောစတမ်းဆိုလျှင် ကျွန်မတို့အများစုသည်လည်း ပြောစရာရှိပါသည်။ "တစ်ချိန်က ကိုယ့်အပြစ်ကြောင့်…

ရေတွက်တတ်အောင် သင်ယူပါ

ကျွန်မ၏သားလေးမှာ တစ်မှတစ်ဆယ်အထိ ရေတွက်ခြင်းကို သင်ယူနေသည်။ ကစားစရာများမှအစ သစ်ပင်များကိုပါ ရေတွက်သည်။ ကျောင်းသွားစဉ် လမ်း၌ တွေ့ရ သည့် ပန်းရိုင်းများ၊ ကျွန်မခြေချောင်းများ စသည့် ကျွန်မအမှတ်တမဲ့ သတိမထားမိသည့် အရာများကိုပါ ရေတွက်သည်။
သားလေးက ကျွန်မကို တစ်ဖန် ရေတွက်တတ်အောင် သင်ပေးသူလည်းဖြစ်သည်။ မကြာခဏဆိုသလို မပြီးပြတ် သေးသည့်အလုပ်ထဲ ကျွန်မနှစ်မြှုပ်နေလျှင်၊ ပစ္စည်း တစ်စုံတစ်ရာ ကျွန်မ၌မရှိလျှင်  ကျွန်မဘေးပတ်လည်ရှိ ကောင်းသောအရာများကို မတွေ့မြင်တော့ပါ။ ယခုနှစ် သိကျွမ်းခဲ့ရသော အပေါင်းအသင်း မိတ်ဆွေသစ်များ၊ အဖြေရသည့် ဆုတောင်းချက်များ၊ ၀မ်းသာ၍ကျသော မျက်ရည်များ၊ မိတ်ဆွေကောင်းများနှင့် ပျော်ရွှင်ရယ်မောခဲ့ရ ချိန်များ စသည်တို့ကို ရေတွက်ရန် မေ့လျော့သည်။
နေ့ရက်စဉ်တိုင်းခံစားရသည့် ဘုရားကောင်းချီးများကို ရေတွက်ရန် လက် ၁၀ ချောင်းက မလုံလောက်ပါ။ ‘‘အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့အဖို့ ပြုတော်မူသော အံ့ဩဖွယ်အမှုတို့နှင့် ကြံစည်တော်မူသော…

ကောင်းသောအမှု တိုး၍ပြု

ကျွန်မ၏သားသည် စာဖတ်ခြင်းကို နှစ်သက်သည်။ ကျောင်းမှ ဖတ်ရန်သတ်မှတ်ပေး ထားသော စာအုပ်အရေအတွက်ထက် သူပိုဖတ်နိုင်လျှင် ဂုဏ်ပြုဆုလက်မှတ်ရရှိမည် ဖြစ်သည်။ ထိုအားပေးမှုလေးက ကောင်းသောအကျင့်ကို ဆက်ပြီးပျိုးထောင်ရန် သူအတွက် လှုံ့ဆော်မှုဖြစ်ခဲ့သည်။
သက်သာလောနိတ်မြို့သားများထံ ရှင်ပေါလု စာရေး သောအခါ ဆုလက်ဆောင်အားဖြင့်မဟုတ်ဘဲ အားပေး
တိုက်တွန်းသောစကားများဖြင့် သူတို့ကို လှုံ့ဆော်ခဲ့သည်။ ‘‘ညီအစ်ကိုတို့ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရား သခင်ကို အဘယ်သို့ နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံ
ကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ယေရှုကို အမှီပြုလျက် ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏’’ (၁ သက် ၄း၁) ဟုမိန့်ကြားသည်။ ဤခရစ်ယာန်များသည် သူတို့၏အသက်တာများအားဖြင့် ဘုရားသခင်ကို နှစ်သက်ကျေနပ်စေကြပြီး ကိုယ်တော့် အတွက် ဆက်လက်ပြီး တိုး၍ ပို၍ အသက်ရှင်ကြရန် ရှင်ပေါလုအားပေး တိုက်တွန်းခဲ့သည်။
ယနေ့တွင်   အဘဘုရားသခင်နှင့်…

နှစ်သက်ဖွယ် မွှေးပျံ့သောရနံ့

နယူးယောက်တွင် ရေမွှေးဖန်တီးသူတစ်ဦးက ပေါင်းစပ်ထားသည့် မွှေးရနံ့များအား တိကျစွာ ခွဲခြားသိရှိနိုင်ပြီး၊ ထိုရေမွှေးနောက်ကွယ်မှ ရေမွှေးဖော်စပ်သူကို သူခန့်မှန်း ဟောနိုင်ကြောင်း ပြောသည်။ အနံ့ရှုကြည့်ပြီး “ဒါ ဂျင်နီ ဖော်စပ်တာ”ဟု သူမချက်ချင်း ပြောနိုင်သည်။
ကောရိနသုမြို့ရှိ ခရစ်တော်၏နောက်တော်လိုက် များထံ ရှင်ပေါလုစာရေးရာ၌ ဖော်ပြသည့် ဥပမာအားဖြင့် ရောမစစ်တပ်သည် ၎င်းတို့ သိမ်းပိုက် အောင်မြင်ခဲ့သောမြို့၌   အောင်ပွဲခံရနံ့အဖြစ် အမွှေးအကြိုင်များကို မီးရှို့ခြင်း အကြောင်းကို  (၂ကော၊ ၂း၁၄)  အမှတ်ရစေသည်။  ဦးဆုံး စစ်ဗိုလ်ချုပ်က ချီတက်လာပြီး၊ သူ့နောက်မှ သူ၏စစ်တပ်၊ ထိုနောက်မှ စစ်ရှုံးသောသုံ့ပန်းတပ်က နောက်ဆုံးမှ လိုက်ပါ လာသည်။ ရောမတို့အတွက် မွှေးပျံ့သင်းကြိုင်သောရနံ့သည် အောင်မြင်မှုဖြစ်ပြီး၊ သုံ့ပန်းများအတွက် ၎င်းသည် သေခြင်း ကို ရည်ညွှန်းသည်။
ကျွန်ုပ်တို့သည် ဘုရားသခင် နှစ်သက်သော၊ အပြစ်တရားကို အောင်မြင်သော ခရစ်တော်၏အမွှေးအကြိုင်ဖြစ်သည်ဟု ရှင်ပေါလုပြောခဲ့သည်။ ဘုရားသခင်သည်…